မဟာအောင်မြေ မေ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ်ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ မှတ်သားမှုအား ကောင်းစေရန်၊ စာပေဖတ်ရှုလေ့လာရာတွင် ပိုမိုစိတ်ဝင်စားမှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားပုံဆက်ပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း