ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အခြေခံပန်းချီ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း မေ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများအနေဖြင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်ကူးဉာဏ် ရင့်သန်စေရန်နှင့် ပန်းချီရေးဆွဲခြင်းဖြင့် အလှအပကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သော အခြေခံပန်းချီသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးမှအခြေခံပန်းချီသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီပညာရှင် ဦးစိုးမြင့်ဒွဏ်းမှ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ သင်တန်းဆင်းအမှာ စကား ပြောကြားခဲ့သည်။

အဆိုပါ ပန်းချီသင်တန်းကို မေလ(၂၃)ရက်နေ့မှ မေလ(၂၇)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများအား ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား /သူများ၊ ၎င်းတို့၏ မိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ခရိုင်(ပြန်/ဆက်)