ကလော မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက တောင်လားကျေးရွာအုပ်စု မြင်းဒိုက်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာနေပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးကို ဟောပြောဆွေးနွေးပွဲပြုလုပ်ပေးခဲ့သည်။ ထို့နောက် ကျေးရွာနေ ကျောင်းသူ၊ ကျောင်း သားများအား စာဖတ်သည့်အလေ့အကျင့်များရရှိအောင် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ မှုးယစ်ဆေးဝါးအန္တရယ်၊ လူကုန်ကူးမှုတာစီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များပြသ၍အသိပညာပေးခြင်း စာအုပ်စာစောင်များ သုတ၊ ရသ စာအုပ်များ အခမဲ့ဌားရမ်းပေးခဲ့ပြီး ဌားရမ်းပေးခဲ့သည့် စာအုပ်များကို နှစ်ပတ်တစ်ကြိမ် အသစ်ပြန်လည်လှဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)