မြောက်ဥက္ကလာပ မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းများ၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုအကြောင်း အရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာကြောင့် ဆောင်ရွက်သင့်သည် အချက်အလက်များကို ဆွေးနွေးခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းက၊ အနာဂတ်မှာ ယိုးယွင်းပျက်စီးလာစေနိုင်မည့် အခြေအနေများကို ကြိုတင်မှန်းဆပြီး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်မည့် နည်းလမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု အကြောင်းအရာများ၊ သဘာဝသံယံဇာတအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု မရှိစေဘဲ ပစ္စုန်ပ္ပန်၊ အနာဂတ်မှာ ထုတ်ယူသုံးစွဲနိုင်မည့် နည်းလမ်းများ၊ အနာဂတ်မှာ ယိုးယွင်းပျက်စီးလာစေနိုင်မည့် အခြေအနေများကို ကြိုတင်မှန်းဆပြီး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)