လမ်းမတော် ဇူလိုင် ၁၄
လမ်းမတော်မြို့နယ်တွင် စာဖတ်ဝိုင်းကို ယနေ့နေ့လည်(၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်ရည်ရွယ်၍ ဆရာသန်းဝင်းလှိုင်ရေးသားသည့် အာဇာနည်နေ့ (သို့မဟုတ်)မြန်မာ့သမိုင်းတွင်မမေ့သင့်သောနေ့တစ်နေ့စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး မိမိနိုင်ငံကိုချစ်မြတ်နိုး ထိမ်းသိမ်းစောင့်ရှောက်ကြရန်တာဝန်ရှိကြကြောင်းစသဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူငယ်၊ လူရွယ်များအား အာဇာနည်ခေါင်းဆောင် တစ်ဦးချင်းအကြောင်းကို ဖတ်ပြဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်