ရွှေဘိုခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကြိုတင်ကာကွယ် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်                          ရွှေဘိုခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ရွှေဘို ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့တွင် ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show  ကို ယ‌နေ့ နံနက် ၁ဝနာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ Talk Show  တွင်​​ ရွှေဘိုခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​​ ဒေါ်အေးမြမွန်က​ ဆွေး​နွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို​ပြောကြားခဲ့ပြီး ရွှေဘိုခရိုင်​ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ​ ဒေါ်​ချောစုက  မုန်တိုင်း​ဘေး၊ လေ​ဘေး၊ မိုး​ကြိုးဘေးအန္တရာယ်များ ဖြစ်​ပေါ်လာပါက ကြိုတင်ပြင်ဆင်ထားရမည့် အချက်၊ လိုက်နာ​ဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို နားလည် သ​ဘော​ပေါက်လွယ်​​စေရန် အ​ရောင်ဖြင့် သတိ​ပေးစနစ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ​ ဆောင်ရွက်ချက်များကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်​ ပေးလျက် ရှိကြောင်း သိရသည်။                                                                                             

ခရိုင် (ပြန်/ဆက်)