နမ္မတူ ဇူလိုင် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရေးရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့ နေ့လည် (၁၁)နာရီအချိန်က ဝင်းမြင့်မိုရ်ကုမ္ပဏီ အလုပ်သမားရေးရာဌာန၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝင်းမြင့်မိုရ်ကုမ္ပဏီအလုပ်သမားရေးရာဌာနရှိ ဝန်ထမ်းများကို ယခင်ငှားရမ်းပေးထားသော စာအုပ်များ အား ပြန်လည်သိမ်းဆည်း၍ သုတရသစာအုပ်များအား အသစ်ပြန်လည်လဲလှယ်၍ အခမဲ့ငှားရမ်း ပေးခဲ့သည်။
ထိုသို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများသိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊ စာပေဖတ်ရှုမှု ပိုမိုတိုးတက်မြင့်မားလာစေရန်၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)