တောင်ငူတက္ကသိုလ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲစာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ ကျင်းပ

တောင်ငူ ဇူလိုင် ၁၄

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ကကျင်းပရာ တက္ကသိုလ်အဆင့်ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ယနေ့နံနက်ပိုင်းတွင် ဟောပြောပွဲအား ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ တောင်ငူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာအောင်က “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ဟောပြောသည်။

တောင်ငူတက္ကသိုလ်၌ ၇၅ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပြိုင်ပွဲများအားကျင်းပရာ ယမန်နေ့ကစာစီစာကုံးပြိုင်ပွဲတွင်(၇၄)ဦး၊ ကဗျာပြိုင်ပွဲတွင်(၂၁)ဦးနှင့် ဆောင်းပါးပြိုင်ပွဲတွင်(၁၃)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပါမောက္ခချုပ်နှင့်ဌာနအသီးသီးမှ ဌာနမှူးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြ​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)