နယ်ရုံးများ၏သတင်းများ

Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2022
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်နယ်လှည့်စာကြည့်တိုက်  ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်က အုန်းတောကမ်းကျေးရွာ မူလွန်-အုန်းတောကမ်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 22,2022
ပို့​ဆောင်​ရေးနှင့် ဆက်သွယ်​ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီးကလေးခရိုင်ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံ​ရေးဘာသာရပ်သင်တန်း (၁/၂၀၂၂) ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ဌာနယာဉ်​မောင်းစစ်​ဆေး​ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Jun 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၁) နာရီက စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ပါ သည်။
Jun 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။