လားရှိုး ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးရေးရာ ကွန်ယက်တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးရေးရာ ကွန်ယက်အဖွဲ့ဝင်များက ဇူလိုင်လ(၁)ရက်နေ့ ဒို့ကျေးရွာဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် မိုးသက်နှင်း ရေးသားထားသော မြန်မာ အမျိုးသမီးများနှင့် အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းမှု ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)နှင့် Book Club အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးရေးရာ ကွန်ယက် အဖွဲ့ခေါင်းဆောင် ဒေါ်အဲမေနှင့် အဖွဲ့ဝင်များက ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုးလူထု အခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး