ချီဖွေမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ချီဖွေ ဇူလိုင် ၁၆

မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့်  ကလေးအလုပ်သမား ပပျောက်ရေးအသိပညာ​ပေး (Talk Show)ကို ယနေ့ နံနက် ၁၁ နာရီက လူထုအ‌ခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show တွင် ချီ​ဖွေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဦးဂွါဇာလေးက ကလေးအလုပ်သမား လျော့နည်းစေရန် မိဘများအနေဖြင့် အသိပညာများ မြင့်မားစေရေးကို လည်းကောင်း၊ အလုပ်ရှင်များ အနေဖြင့်လည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးကို သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်လျက် မြို့နယ် တရားပဒေရုံးနှင့် ပူးပေါင်း၍ အသိပညာ ပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ‌‌​ပြောကြားသည်။

ဆက်လက်၍ မြို့နယပဒေအရာရှိ ဦးသက်ဘုန်းဝေက အလုပ်လုပ်ကိုင်နိုင်စွမ်း ရှိသည့် ကလေးသူငယ်၏ အသက်သည် (၁၄)နှစ် အောက်မငယ်စေရ၊ အကယ်၍နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်အရ အခမဲ့ မသင်မနေရ ပညာရေးစနစ်အတွက် သတ်မှတ်ထားသော အသက်သည် (၁၄)နှစ် ထက်ပိုပါက ကျောင်းနေသော ကလေးသူငယ်များ၏ အလုပ်လုပ်ကိုင် နိုင်သည့်အသက်သည် ထိုသို့ပို၍ သတ်မှတ်ထားသော အသက်ထက်မငယ်စေရ၊ သတ်မှတ် ထားသော အသက်ထက် ပို၍ကြီးသည့် ကလေးသူငယ်သည် ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာ အလုပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိပါက တည်ဆဲအလုပ်သမားရေးရာ ပဒေများနှင့် အညီ အလုပ်လုပ်ကိုင်ခွင့် ရှိကြောင်း ကလေးသူငယ် အလုပ်သမားနှင့် ပတ်သတ်သည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ရှင်းလင်း ပြောကြားခြင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များကို လည်ကောင်း၊ လုပ်ငန်းရှင်များအ​နေဖြင့် “ကလေးသူငယ် အလုပ်သမားများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ(သို့မဟုတ်) သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေ အလုပ်လုပ်ရန် ခိုင်းစေနေကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

မေခမွန်(ပြန်/ဆက်)