ဟင်္သာတ ဇူလိုင်၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် “မမေ့နိုင်သော နေ့တစ်နေ့”၊ “ကျွနုပ်ဖတ်ခဲ့ရသော စာအုပ်တစ်အုပ်”၊ “အာဇာနည်ဆိုသည်မှာ” ခေါင်းစဉ်များဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် “ကျွန်ုပ်ဖတ်ခဲ့ဖူးသော စာတစ် ပုဒ်”၊ “ကျွန်ုပ်လေးစားရသော ပုဂ္ဂိုလ်တစ်ဦး”၊ “အောင်ဆန်းဂုဏ်ရည်” ခေါင်းစဉ်များဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ ခရိုင်ပညာရေးမှူးဦးတိုးဝင်းက တက်ရောက်အားပေးခဲ့ ကြောင်း သိရသည်။
ကိုဇော် (ဟင်္သာတ)