ပေါင် ဇူလိုင် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ အကြောင်းသိကောင်းစရာ Talk Show ပြုလုပ်ခြင်းကို ယမန်နေ့ ညနေ့ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ သက်နိုင်ကဌာန၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ ကူးစက်ရောဂါအကြောင်း စသည်များကို အကျယ်တစ်ဝင့် ပြောကြာခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)