မြောင်းမြမြို့ Mobile Library Bus ဖြင့် ရပ်ကွက်/ကျေးရွာများအရောက်  စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

မြောင်းမြ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယမန်နေ့ နံနက်ပိုင်းက မြောင်းမြမြို့၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။

 မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ စာပေနှင့်မဝေးကွာလိုစေရန်၊ အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library Bus ဖြင့် ကျေးရွာများ၊ ကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စာအုပ်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)