နယ်ရုံးများ၏သတင်းများ

Jun 24,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့်နေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 24,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက အေရိုးဗစ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Jun 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ၊ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါး၏အန္တရာယ်၊ ဆိုးကျိုးများကို သိရှိနိုင်‌စေရန်နှင့် ကြိုတင်ကာကွယ်ရှောင်ရှားနိုင်‌စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
Jun 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Coomunity Centre)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ (၁) နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင် များနှင့် (Women Club) ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။