ဘုရားသုံးဆူ ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး (Talk show)ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် Book Club အဖွဲ့၀င် ဒေါ်စန္ဒ၀င်းမှ လူကုန်ကူးမှုသည် လူသားအချင်းချင်းခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ လူကုန်ကူးမှုမခံရစေရန် အသိပညာပေးလုပ်ငန်းများကိုလေ့လာထားသင့်ကြောင်း စတင်ဆွေးနွေးသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးတာ၀န်ခံ ဦးအောင်သူဟိန်း(ဓါတ်ပုံ-၂)မှလူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ၏ စည်းရုံးလေ့ရှိသော ပုံစံများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုနှင့်ပတ်သတ်သည့်ပြစ်မှု၊ ပြစ်ဒဏ်ဥပဒေများကိုလည်း ထည့်သွင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး(Talk Show)ဆွေးနွေးပွဲအား ပြည်သူလူထုများအလွယ်တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၏ We Love Phayathonezu Page တွင် လွင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)