သီပေါမြို့နယ်တွင် ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်

သီပေါ ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်  ၉ နာရီခွဲ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) နှင့် လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍  ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးစိုင်းဆိုင်လောဝ်က ဇူလိုင်လ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉) ၊အမှတ်(၁၄)ပါ သောင်းညွန့်ဦး(ငါးသိုင်းချောင်း) ရေးသားသော အသည်းကင်ဆာကြောက်စရာ ကျန်းမားရေး အသိပညာပေးဆောင်းပါအား ဦးဆောင်ဆွေးနွေးခဲ့ပြီး (Women Club) အဖွဲ့ဝင် ဒေါ်စန်းစန်းသွယ်၊ ဒေါ်သီတာအေး၊ ဒေါ်နန်းခမ်းအေး  လူငယ်အသင်း ( Youth Club) အဖွဲ့ဝင် မဆုပြည့်မင်း၊ မလင်းလက်သော်တာ၊ မယွန်းပြည့်ဖူးငုံ တို့က အဆိုပါ ဆောင်းပါးပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါအသိပညာပေးဆွေးနွေးပွဲများကို စာပေ ဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)