သရက်မြို့၌ လူငယ် နှင့် စာပေ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်

သရက် ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နဲ့စာပေ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။

အဆိုပါလူငယ်နှင့်စာပေစကားဝိုင်း Talk Show တွင် Book Club (ဉက္ကဋ္ဌ) ဦးအောင်ကျော်စိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးငြိမ်းသူ၊ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်ဇာခြည်လွင်တို့က လူငယ်ရဲ့ ဖြစ်တည်မှုနဲ့ စာပေရဲ့ ဖြစ်တည်မှု့၊ လူငယ်တွေ စာမဖတ်ကြဘူးဟူ၍ လူအများ၏ အမြင်တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club (ဉက္ကဋ္ဌ) ဦးအောင်ကျော်စိုးက  စာရေးသူများမှာ အတွ့အကြုံနှင့်  ဆည်းပူး လေ့လာထားသည်များကို ရေးဖွဲ့ ပြုစုထားခြင်းကြောင့် စာပေဟူ၍ ဖြစ်လာပြီး စာပေသာ မရှိလျှင်  ပျောက်ပျက် သွားနိုင်၍ စာပေသည် လူတို့၏ စိတ်ကူးစိတ်သန်း၊ ဖန်တီးမှု၊ အနုပညာ၊ ပစ္စည်း ဖြစ်ကြောင်း ဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်အေးငြိမ်းသူက လူငယ်များ၏ စူးစမ်းလိုမှုနှင့် စာကြည့်တိုက် လက်ထောက်(၃) ဒေါ်ဇာခြည်လွင်က “ယနေ့လူငယ်တွေ သုတ၊ ရသ စာပေတွေ ဖတ်ရှုလာပြီး Online Book Shoping တွဲလုပ်လာခြင်းကို အချို့က မသိရှိသဖြင့် လူငယ်တွေ စာမဖတ်ဘူး”ဟု ပြောသော်လည်း လူငယ်တွေက စာဖတ်သည်ဟု စာကြည့်တိုက်မှူးက မိမိအမြင်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)