ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည် ၁  နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ တောသားလေးတစ်ယောက်” စာအုပ်ထဲမှ “ဇာတိရွာ”ခေါင်းစဉ်ဖြင့် Book Club အဖွဲ့ဝင် ဒေါ်အေးအေးကလည်းကောင်း၊“‌ စေတနာအဟုန်” ခေါင်းစဉ်ဖြင့် Book Club အဖွဲ့ဝင်ဒေါ်ပြည့်ပြည့်ကလည်းကောင်း၊ “စာရေးသူ”ခေါင်းစဉ်ဖြင့် Women Club အဖွဲ့မှ ဒေါ်သီရိကလည်းကောင်း၊ စာအုပ်ပါအကြောင်းအရာများကို မိမိတို့ဖတ်ရှုထားသည့် ခေါင်းစဉ်အလိုက် အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြပြီး၊ စာပေချစ်မြတ်နိုးသူလူငယ်များက စာပေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ Book Club အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံ (IPRD)