လိပ်သို စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံး ချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရှိလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြင့်မားရေး စာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သော သုတရသစာအုပ်များကို ပြသထားရှိသည်။ စာအုပ်စာစောင်ပြပွဲသို့ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ကြ သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများတွင် ပြပွဲ၊ ပြခန်းများ ဆောင် ရွက်ပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)