သရက်ချောင်း စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ ၌ ယနေ့မွန်းလွဲ၁၂နာရီခွဲအချိန်က မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုက ကျောင်း သား/သူများအား မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုများပပျောက်အောင် ကျောင်းသား/သူများက မိမိပတ်ဝန်းကျင်ရှိပြည်သူလူထုများအား လက်ဆင့်ကမ်းပြော ကြားပေးရန်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာမူဝါဒများအကြောင်းကို ကျောင်းသား/သူများ သိရှိစေရန်၊ မူးယစ်ဆေးဝါးဘက်စုံတားဆီးကာကွယ်ရေး၊" ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါး အန္တရာယ် " အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့"ဟူသော ဆောင်ပုဒ်နှင့် အညီ မူးယစ်ဆေး ဝါးများကင်းရှင်းစေရန် ရည်ရွယ်၍ သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ဆောင် ရွက်ပေးခဲ့ ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူ များကျောင်းစာအပြင်အထွေထွေ ဗဟုသုတများတိုးပွားလာစေရန် သုတ၊ ရသ၊ စာအုပ်၊ စာနယ်ဇင်းများကို အခမဲ့ဌားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)