ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကမမောင်း  စက်တင်ဘာ ၁၂

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  စာရေးဆရာမ "ခင်စောတင့်"ရေးသားသည့် "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင် မစုမြတ်ခိုင်က"လူတိုင်းတစ်ချိန်ချိန်တွင်ဆုံးဖြတ်ရန်ခက်ခဲပြီးမပြတ်မသားဖြစ်နေရသည့် အခြေအနေနဲ့ကြုံလျှင် ဖြေရှင်းရမည့် နည်းလမ်းများအကြောင်း၊ လူမှုဘဝတွင် ကိုယ်တွေ့ကြုံခဲ့ရတာတွေနှင့်   တွဲဖက်ပြီးဆုံးဖြတ်ချက်တစ်ခုချသည့်အခါတွင် မိမိ၏ဆုံးဖြတ်ချက်ကိုယုံကြည်ရန်နှင့် ဘဝဆိုသည်မှာ ဆုံးဖြတ်ချက်တွေပြည့်နက်နေတက်သည်။ အချို့ဆုံးဖြတ်ချက်များဟာ အမှားဖြစ်လျှင်ဖြစ်တက်ပြီ အချို့ဆုံးဖြတ်ချက်များသည် အမှန်များစွာပါဝင်နေတက်သည်ကိုယုံကြည်ကြရန်"စသည့်အကြောင်းအရာများကို အသေးစိတ်ဆွေးနွေး‌ခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများ ကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)