Oct 06,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းပိတ် ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော် ရွှင် စေရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးဘက်စုံဖွံ့ဖြိုး တိုးတက်လာရေးနှင့် စာဖတ်စွမ်းရည်မြှင့်တင်စေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။