နယ်ရုံးများ၏သတင်းများ

Oct 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာ‌ရေးဌာနတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
Oct 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း(Yoth Club)တို့ ပူးပေါင်း၍စာပေဝါသနာရှင်များ
Oct 12,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) က ကျင်းပပြုလုပ် သည့် စာဖတ်ဝိုင်းကို အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့်   အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး     Book  Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်းရေး၏ လူငယ်ရဲ့ဘဝနှင့် တန်ဖိုးကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီး ပြည်သူ့စာကြည့်တိုက်Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပဆောင်ရွက်ပေးခဲ့သည်။
Oct 11,2022
ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာမှု ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်ဝါသနာရှင်များထံ သွား​ရောက် ငှားရမ်းပေးလျက်ရှိသည်။
Oct 11,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာ ရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်အား ဖတ်ရှုဆွေးနွေးသည့်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက လူထု အခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Oct 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက စာရေးဆရာအောင်ကိုဦး (UMK)၏ “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။