ကွတ်ခိုင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များပိုမို ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ အမှတ်(၁) ရပ်ကွက်၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်များဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကွတ်ခိုင် မူလတန်းကြိုကျောင်းမှ ကလေးငယ်များ စုစုပေါင်း (၁၅)ဦးလာရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအပြီးတွင် ထူးချွန်သည့်ကလေးငယ်များအား ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)