ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးငယ်များ ကာယဉာဏ်ဏဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး

ပိုင်ကျုံ  အောက်တိုဘာ  ၆

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းပိတ် ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရေး၊ ဉာဏ်ရည်ဉာဏ်‌သွေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေ‌ပျော် ရွှင် စေရေးအတွက် ပြိုင်ပွဲများ  ဆောင်ရွက်ပေးလျက်ရှိရာ ယ‌နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်‌သွေးဘက်စုံဖွံ့ဖြိုး တိုးတက်လာရေးနှင့် စာဖတ်စွမ်းရည်မြှင့်တင်စေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။

ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက်လေ့လာကြသည့် ပိုင်ကျုံမြို့အမှတ်()ရပ်ကွက်မှကျောင်းသားလူငယ်များတို့အား ပိုင်ကျုံမြို့ ပြန်/ဆက်ဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်‌နော်ခူးခူးနှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး နှင့် ကာယဉာဏ်ဏဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံတူပန်းချီ ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုခြင်း ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ခုံလုတမ်းကစားနည်းပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား မြို့ဦးစီးမှူးက  အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များပေးအပ်ခြင်းခဲ့ပြီး ပြိုင်ပွဲများကို သီတင်းကျွတ်ကျောင်းပိတ်ရက်များတွင်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နော်ခူး(ပြန်/ဆက်)