ညောင်ဦးခရိုင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ

ညောင်ဦး  အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စာဖတ်ဝိုင်းဆွေးနွေး ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် မောင်သော်တာ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က အမှာစကားပြောကြားပြီး စာအေုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များက လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာ သူရိန်ငြိမ်း၏ For Me , For Yoy & For All စာအုပ်အားစာပေချစ်မြတ်နိုးသူများက ဆွေးနွေးကြကြောင်း သိရသည်။ ထိုစာအုပ်တွင် ခေါင်းစဉ်ခွဲ ၁၅ ခုဖြင့်ခွဲခြမ်းစိတ်ဖြာ ရေးသားထားပြီး စာမျက်နှာ ၁၅၂ ပါ ကြောင်းသိရသည်။

ကိုကြေးမုံ