မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်

မိုင်းဆတ် အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် မိမိတို့အရည်အချင်းများတိုးတက်လာစေရန်၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးကာ ယှဉ်ပြိုင်မှုပုံစံများ အပြန်အလှန် အတုယူနိုင်စေရန် ရည်ရွယ်၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အ.လ.က(ကျဒယ်)၊ အ.လ.က(ကာန)နှင့် အ.လ.က(နားကော)ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးက မိမိတို့ကြိုက်နှစ်သက်သည့် အသိပညာပေး ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပထမဆု ရရှိသည့် အ.လ.က(ကျဒယ်)ကျောင်းမှ မသက်သဇင်ဦး၊ ဒုတိယဆု ရရှိသည့် အ.လ.က (ကာန)ကျောင်းမှ မနော်စူဆန်ဟန်၊  တတိယဆုရရှိသည့် အ.လ.က(ကျဒယ်) ကျောင်းမှ မဒီဘောလာနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)