ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏီ-တောင်တွင်းကြီး)တို့က လူကုန်ကူးခံရသည့်အကြောင်း၊ လူကုန်ကူးမှုကျူးလွန်ပါက ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမခံရအောင် သတိထားရမည့်အချက်များအကြောင်း၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏စုဆောင်းသည့် နည်းလမ်းများအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးသိကောင်းစရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)