ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကြက်ခြေနီတပ်ဖွဲ့၏ သဘာဝဘေးနှင့်ပတ်သက်ပြီး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ကျောက်တန်း အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူပေါင်း၍ သဘာဝဘေးနှင့် ပတ်သက်ပြီးအသိပညာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးသန့်ဇင်ထွန်းက အများပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ သဘာဝဘေးနှင့်ပတ်သက်ပြီး အသိပညာပေးဗဟုသုတ ရရှိရန်ရည်ရွယ်၍ Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျောက်တန်းမြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦးမှ ကျောက်တန်းမြို့နယ်အတွင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများ သဘာဝဘေးဆိုသည်မှာ ကြိုတင်မျော်မှန်းလို့ မရရှိနိုင်တဲ့အတွက် အစစအရာရာပြင်ဆင်ထားရှိရပါကြောင်း ခန့်မှန်းရခက်ခဲပါကြောင်း မိမိတို့ကြက်ခြေနီတပ်ဖွဲ့အနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ကြရောက်လာရင် ဘယ်လိုကျော်ဖြတ်ရင်ဆိုင်နိုင်ဖို့နှင့် ပြည်သူများအနေဖြင့်လည်း ကြောက်လန့်မှုများနည်းအောင် မိမိတပ်ဖွဲ့အနေဖြင့် ကူညီဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားမှုအားရှင်းလင်း ပြောကြားပေးခဲ့သည်။ သဘာဝဘေးနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် လည်းသိရှိထားသင့်တဲ့ အချက်များရှောင်ရန်ဆောင်ရန် အချက်များသိရှိထားရန်လိုကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)