ကျိုက်ဒုံ အောက်တိုဘာ ၁၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူးဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်တို့မှ မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးများ၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးရေရှည်တည်တံခိုင်မြဲရေး ဆောင် ရွက်ချက်များ၊ ကမ္ဘာ့မသန်စွမ်းဦးရေ၊ မသန်စွမ်းနေ့များစသည့် သိကောင်းစရာ အကြောင်းအရာများကို အကျယ်တစ်ဝင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ We Love Kyaikdon Page တွင် လွှင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်