မိုင်းရှူး အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု က စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွါးလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု က ဇာတ်လမ်းနှင့်သရုပ်ဖော် မောင်မောင်ဦး၏ မြတ်နိုးချစ်ခင်ပတ်ဝန်းကျင်စာအုပ်ဖြင့်လည်းကောင်း၊ မအိမွန်ခင်က ဇာတ်လမ်းနှင့် သရုပ်ဖော် ဥမ္မာကြူ၏ တို့ပတ်ဝန်းကျင် ချစ်ခင်ကြပါစို့စာအုပ်ဖြင့် လည်းကောင်း၊ မောင်ကျော်ကျော်ဝင်းက ဒေါက်တာမေမွန်၏ သားလေးကြီးရင် ဘာလုပ်မလဲစာအုပ်ဖြင့် လည်းကောင်း ကျောင်းသား၊ ကျောင်းသူ(၁၂) ဦးတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)