ကာလိမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကာလိ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၅၁) ခြေလျင်တပ်ရင်း မိသားစုဝင်များနှင့် ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် ယနေ့နံနက်(၉)နာရီ အချိန်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော် က ကျောင်းသား/ ကျောင်းသူ များ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး လူငယ်နှင့်အပြောင်းအလဲ၊ စာရိတ္တမဏ္ဍိုင်၊ လူငယ်နှင့်ပရဟိတ စိတ်ဓါတ်စသည့် အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး၊ အမှတ်(၁၅၁) ခြေလျင်တပ်ရင်းမှ ဒေါ်ဝင်းသန္တာကျော်က လူငယ်နှင့် စိတ်ဓါတ်၊ လူအမျိုးမျိုးစိတ်အဖုံဖုံစသည့် အကြောင်းအရာများ ဟောပြော ပေးခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုတွင် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅) ဦးခန့်တက်ရောက်ခဲ့ပါသည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)