ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒလ အောက်တိုဘာ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာမဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင်စိတ်ထား စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်သူများအသင်း (Youth Club)အဖွဲ့ဝင် ကိုကျော်စည်သူက ဒေါက်တာခင်စန်းမော်ရေးသားသည့် ပညာရှင်စိတ်ထားစာအုပ်ထဲမှာပါသည့် ဘဝလှေကားထစ်များ ခေါင်းစဉ်ဖြင့်တက်ရောက်လာသော စာပေချစ်ဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှ တစ်ဆင့်စာအုပ် မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များဌားရမ်းပေးခြင်း၊ (Talk Show) နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

မြင့်ဇော် (ပြန်/ဆက်)