ကွမ်းခြံကုန်း အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဒေါ်နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိ) မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး (Women Club) အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်အေးမူ၊ ဒေါ်အိသန္တာလွင်တို့က (စာရေးဆရာမ) ခင်ခင်ထူးရေးသားသည့် လှည်းယဉ်ကြော့စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (IPRD)