ပေါက်ခေါင်း အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီက အထက (ပေါက်ခေါင်း) ရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ထူးချွန်ထက်မြက် သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး “လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ” အကြောင်း၊မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးစိုးနိုင်က “လူငယ်နှင့်အနာဂတ်ရည်မှန်းချက်”အကြောင်းအရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများက ပုံပြင်ပြောပြခြင်း၊ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် မူယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် အသိပညာပေးနံရံကပ်စာစောင်မှ မူးယစ်ဆေးအမျိုးအစားများ၊ ကွမ်းစားခြင်းအန္တရာယ် အသိပညာပေးနှင့် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)