ကျောက်တန်း အောက်တိုဘာ ၁၉
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေးခြင်းကို ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဦးစီးအရာရှိ(တာဝန်ပေး) ဦးသန့်ဇင်ထွန်းက အသေးစားစက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှ တင်သွင်းလာသောလူသုံးကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းဖြစ်လူသုံးကုန်များဖြင့် အစားထိုးနိုင်ရန် နိုင်ငံခြားသုံးငွေလျှော့ချနိုင်စေရန် ဒေသခံပြည်သူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာမမှ လူသုံးကုန်ပစ္စည်းများတွင် အသုံးပြုသော လုပ်ငန်းသုံးဓာတုပစ္စည်းများအကြောင်း၊ ပန်ကန်ဆေး၊ အဝတ်လျှော်၊ လက်ဆေးရည်ပြုလုပ်နည်းများကို လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူ(၇)ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့် သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်