ချမ်းမြသာစည် အောက်တိုဘာ ၁၉
စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဥာဏ်ရည်ထက်မြက်လာစေရေး၊ အတွေးအခေါ်ကောင်းများဖြစ် ပေါ်လာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သောကျောင်းသား/သူများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ချမ်းမြသာစည်မြို့ နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီးနောက် ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဦးစီးဌာနရုံးရှိ Community Centreခန်းမတွင် ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းကပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီးဒုတိယ ဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် ၀န်ထမ်းများက ကျောင်းသား/သူများအား ရုပ်ပုံကားချပ်များဖြင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြီးနောက် ပြည်သူ့စာကြည့် တိုက်ခန်းမတွင် "ပျော်ရွှင်ဆင်နွဲ လမြတ် တန်ဆောင်တိုင်ပွဲ" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များနှင့် နံရံကပ် စာ စောင်များအား စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ် တန်းအဆင့် ကျောင်းသား/သူ ၃၀ ဦး ပါ၀င် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ်ပြန်/ဆက်)