လှည်းကူးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်

လှည်းကူး   အောက်တိုဘာ  ၁၉ 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ကလေးအလုပ်မားပပျောက်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားပြီး (Book Club)အဖွဲ့ဝင်ဦးစိုးသူက ကလေးအလုပ်သမား၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကမ္ဘာ့နိုင်ငံများနှင့်မြန်မာနိုင်ငံ၏ကလေးအလုပ်သမား အခြေအနေ၊ ကလေးအလုပ်သမား ပပျောက်ရေးသည် ဘာကြောင့်အရေးပါသလဲ၊ ကလေးအလုပ်သမားလျှော့ချရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)