ကွတ်ခိုင်မြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

ကွတ်ခိုင် အောက်တိုဘာ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍  စာရေးဆရာ ဒေါက်တာမြင့်သန်း ရေးသားထားသည့် ''အိပ်စက်ခြင်းနှင့်ကျန်းမာရေး''စာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်‌ဌေးဌေးဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းဝင် ဒေါ်မေမြတ်မွန်က အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပွားရသည့် ကျန်းမာရေးဆိုင်ရာဖြစ်စဉ်များအကြောင်း၊ ဒေါ်အေးမုံကအိပ်စက်ခြင်းနှင့် သက်ဆိုင်သော ရောဂါတွင်နေ့ဘက်မှာ တစ်ချိန်လုံးလိုလို အိပ်ချင်စိတ်ဖြစ်ပေါ်နေခြင်းသည် ဦးနှောက်ကအိပ်၊ နိုးထချိန်ကိုထိန်းသိမ်းနိုင်မှု ချို့ယွင်းသွားခြင်းကြောင့် ညဘက်တွင် ကောင်းစွာအိပ်မရတတ်ပါ ညဘက်တွင်ကောင်းစွာအိပ်ပျော်လျှင်လည်း နေ့ဘက်တွင်အိပ်ငိုက်နေတတ်ပါကြောင်း၊ ကော်ဖီအမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ မုန့်အမျိုးမျိုးတို့တွင် ကဖိန်းဓာတ်ကို‌တွေ့နိုင်ပါ‌‌ ကြောင်းထိုအစားအသောက်များကိုများများ၊ ကြာကြာသုံးစွဲခြင်းတွေ၊ အိပ်ရာမဝင်မီ သောက်သုံးတတ်ခြင်းတို့ဟာ အိပ်ပျော်ချိန်ကိုနောက်ကျစေပြီး‌ နောင်တွင် ကျန်းမားရေးကိုထိခိုက်လာနိုင်ကြောင်း၊ ဒါဟာသတိပြုရမည့် အချက်ဖြစ်ပါကြောင်း စသည့်အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပြောကြားကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေး(ကွတ်ခိုင်)