မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မြောင်းမြ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေး အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် အကြီးတန်းစာရေး ဒေါ်ရည်မွန်ဆွေတို့က အမုန်းစကားကို တုံ့ပြန်နိုင်ရန်အတွက် မီဒီယာနှင့် သတင်းအချက်အလက် နားလည်တတ်ကျွမ်းမှု ပညာရေး ပန်းတိုင်ခေါင်းစဉ်ဖြင့် အမုန်းစကားတားဆီးရေး လှုပ်ရှားမှုပညာပေး ဆောင်ရွက်ရာတွင် အသိပေးခြင်း၊ ဝေဖန်ဆန်းစစ်ခြင်းနှင့် ရင်ဆိုင်တုံ့ပြန်ခြင်းဟူသည့် ပန်းတိုင်သုံးခု၏ အကြောင်းအရာများ၊ မီဒီယာနှင့် သတင်းအချက်အလက် နားလည်တတ်ကျွမ်းမှုနှင့် ပညာပေးဆောင်ရွက်မှုများကို ဆန်းစစ်ခြင်းခေါင်းစဉ်ဖြင့် လူပုဂ္ဂိုလ်တစ်ယောက်ခြင်းစီ အနေဖြင့် သူတို့၏ နေ့စဉ်ဘဝများနှင့် ပုံမှန်လှုပ်ရှားမှုများတွင် အမုန်းစကား တိုက်ဖျက်မှုအတွက် မည်သို့ပူးပေါင်းပါဝင်ကြသည်၊ သူတို့၏ နေ့စဉ်အသုံးပြုမှုတွင် မည်သို့သော အကျိုးသက်ရောက်မှုများ ရှိနေသည်ကို နားလည်နိုင်ရန် သတင်းအချက်အလက်များ လိုအပ်နေကြောင်း စသည့် အမုန်းစကား တားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေမည့် ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)