လှည်းကူး အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)(၈/၂၀၂၂)သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီဆွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ကာယစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသောသင်တန်းသား/သင်တန်းသူများကို ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/သူများက ပန်းဥယျာဉ်၊ ပြည်ထောင်စုသွေးချင်းညီကိုများ၊ မြမန်းဂီရိ၊ ရွှေညာသူရွှေညာသားတေးသီချင်းများနှင့် ကပြဖျော်ဖြေခဲ့သည်။ အဆိုပါအခမ်းအနားသို့ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)