နယ်ရုံးများ၏သတင်းများ

Oct 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် စာပေဗဟု သုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ယနေ့မွန်းလွဲ (၁)နာရီက မြို့၀န်ကုန်းအခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့်  နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 19,2022
စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဥာဏ်ရည်ထက်မြက်လာ‌စေရေး၊ အတွေးအခေါ်‌‌ကောင်းများဖြစ် ပေါ်လာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သောကျောင်းသား/သူများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ချမ်းမြသာစည်မြို့ နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး‌နောက် ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဦးစီးဌာနရုံးရှိ Community Centreခန်းမတွင် ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။
Oct 19,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသား ကျောင်းသူများ စိတ်ကူးစိတ်သန်း အတွေးအခေါ် မြင့်မားလာစေရန်နှင့် ဆေးအရောင်များကို ခွဲခြားအသုံးပြုတတ်လာစေရန်အတွက် ဟောပြောပွဲ၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက တောင်ငူမြို့၊ ကသဲစုအလယ်တန်းကျောင်းထဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 19,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Oct 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက်(၉)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
Oct 19,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ သစ်အယ်ပင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) စာသင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအားယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိုးကြိုးဘေးတုံ့ပြန်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။