မချမ်းဘော့ ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသူကျောင်းသားများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ကျောင်းသူကျောင်းသားများ ငယ်စဥ်ကစ၍ နေ့ထူးနေ့မြတ်များကို တန်ဖိုးထား ချစ်မြတ်နိုးတတ်ရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်းကို ဟောပြောပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသူ/ကျောင်းသား ၁၅ ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲများအပြီးတွင် ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်မှ ပုံပြင်ပြောပြခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)