နယ်ရုံးများ၏သတင်းများ

Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Oct 19,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်အောင်မြင်မှု စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 19,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပသည်။ 
Oct 19,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီအချိန်က တံတားမြို့ စင်မကော်ကျေးရွာအတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့် စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် (၁၀) နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Oct 19,2022
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍    ယနေ့နံနက် ၉ နာရီက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေးခြင်းကို ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီက အထက (ပေါက်ခေါင်း) ရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင်ပြသ‌ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။