ကျောက်ဖြူ ဒီဇင်ဘာ ၂၀
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာ(Community Centre) ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျောင်းသား/ကျောင်းသူများဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က အနာဂတ်၏ လင်းလက်လာမည့် ကလေးငယ်များ စာပေဖတ်ရှုသည့် အလေ့ အထကောင်များရရှိစေရန်၊ အချိန်ကိုအကြိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ ပြည်သူ့ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် မြန်မာ့ဓလေ့ရိုးရာဓလေ့ ကစားနည်းများ မပျောက်ပြယ်မသွားစေရန်ရည်ရွယ်ကာ ဒို့ကျေးရွာဂျာနယ်မှ “မြန်မာ့ဓလေ့ကိုဖော်ကျူးသည့် ပျော်ရွှင် စရာကောင်းသော ကစားနည်းများ” အထူးဆောင်းပါးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၄)မှ စာရေးဆရာ ရှိန်းမြသင်း ရေးသားသော “မြန်မာ့ဓလေ့ကိုဖော်ကျူးသည့် ပျော်ရွှင်စရာကောင်းသော ကစားနည်း များ” အထူးဆောင်းပါးပါ အကြောင်းအရာများအား အချိန်မိနစ်(၃၀)အတွင်း မိမိတို့အတွက် အတု ယူစရာအချက်အလက်များ ဖတ်မှတ်စနစ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ဒုတိယဦးစီးမှူးက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများက နံရပ်ကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း