မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မန်တုံ  ဒီဇင်ဘာ   ၂၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က  ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင်မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်တွေအတွက် ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိတွင်လူတစ်ယောက်ရဲ့ ဘဝအား (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာဉစ္စာရှာ၊တတိယအရွယ်မှာ တရားဘာဝနာရှာဆိုးပြီး ညွှန်းဆိုထား ကြောင်း၊ပညာဆိုရာမှာ  စာပေသာမကအသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်း ကြောင်းပညာ၊ ကိန်းဂဏန်းဆိုင်ရာအတွက် အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဉပဒေပညာ၊ ဆေးပညာ၊အရောင်းအဝယ်ကုန်သွယ်ပညာစသဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်းနှင့် စာတတ်ဖို့သာမကပညာ တတ်ဖို့ပါကြိုးစားသင့်ကြောင်း၊ လူငယ်နှင့်စာရိတ္တဆိုင်ရာ အကြောင်းအရာများ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာအကြောင်းအရာများအား ဗဟုသုတရဖွယ် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

မန်တုံ(ပြန်/ဆက်)