သုံးခွ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသောဗဟု သုတများအား အချင်းချင်းအသိပညာများမျှဝေတတ်စေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့်" ကိုယ်ရည်ကိုယ်သွေး စိတ်ပညာ" စာအုပ်အားစာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး (Women Club) ဒေါ်နွယ်နွယ်အေးက ဦးဆောင်ဆွေးနွေးသူအဖြစ် စာအုပ်ပအကြောင်း အရာများထဲမှ "အောင်မြင်ရေးအတွက်အသုံးချစိတ်ပညာ" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် လူတော်တော်များများ ကြီးပွားတိုးတက် ထွန်း ပေါက် အောင်မြင်လိုပါကြောင်း၊ ထို့ကြောင့် နေ့စဉ်နှင့်အမျှ မိမိတွင်ရှိသော စွမ်းအင်ပုန်းတို့ကို ထုတ်ယူသုံးစွဲကာ ထိပ်ဆုံးသို့ရောက်အောင် ပါကြောင်းစသည်ဖြင့် ပြောကြားသည်။ ဒေါ်ထွေးအိငယ်ငယ်အောင်ကလည်း" စိတ်စွဲကိုယ်ရည်ကိုယ်သွေးခြင်းရာ လက္ခဏာ များ" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် စိတ်စွဲသူဟူသည် အရာရာကို အမှန်အကန်ပြီး ပြည့်စုံစေခြင်သူဖြစ်ပါကြောင်း၊ စိတ်စွဲကိုယ်ရည်ကိုယ်သွေးခြင်းရာ လက္ခဏာရှိသူတို့က ပြီးပြည့်စုံမှုကို အဓိကထားဦးစားပေး သူများဖြစ်ကြပါကြောင်းစသည် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ထို့အပြင် တက်ရောက်လာသူများမှလည်း စာအုပ်ပါခေါင်းစဉ်များထဲမှ မိမိတို့ဖတ်ရူ့ထားသည့် အကြောင်းအရာများကို ဝိုင်း၀န်း ဆွေးနွေးခဲ့ကြပြီးနောက်မြို့နယ်ရုံးတွင် ပြသထားသော နံရံကပ်စာစောင်များကိုလည်း စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်