ကွမ်းလုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ကွမ်းလုံ         ဒီဇင်ဘာ        ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၃)ပါ စာရေးဆရာချစ်နိုင် ရေးသားသည့် ဆက်ဆံမှုနှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့် ပညာရေးဌာနနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများက ဆက်ဆံမှုနှင့်အောင်မြင်ရေးခေါင်းစဉ်ပါ အကြောင်းအရာများကို အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့နှစ်သက်သည့် စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)