ကန့်ဘလူခရိူင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ကျင်းပရာ ခရိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲပြောင်းနိုင်ရေးဆောင်ရွက်မည်ဖြစ်ရာ အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးသည် အလွန်အရေးကြီးကြောင်း၊ မှန်ကန်သည့်မဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များကို လက်တွေ့မြေပြင်ကောက်ယူရာတွင် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဋ္ဌေး ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်တက်ဆင်းကောက်ယူနိုင်ရေး၊ အထွေထွေရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းမှန်ကန်စေရေး၊ လုပ်ငန်းရည်ရွယ်ချက်အကြောင်းအရာများနှင့် စာရင်းပြုစုတင်ပြခြင်း၊ စာရင်းထုတ်ပြန်ခြင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့်အခြေအနေများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်စီမံထားသင့်သည့်ကိစ္စရပ်များ စသည်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကောက်ယူရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း